International News

ဩစတြေးလျနိုင်ငံက ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံတို့မှ သွင်းကုန်အားလုံးကို အကောက်ခွန်နှုန်းထား တိုးမြှင့်ကောက်ခံမည်

Last Updated:

ဩစတြေးလျအစိုးရသည် ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံတို့မှ တင်သွင်းသော သွင်းကုန်အားလုံး၏ အကောက်ခွန်နှုန်းထားများကို ၃၅% ထပ်တိုးကောက်ခံမည်ဖြစ်ကြောင်း ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ၃၁-၃-၂၀၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

သတင်းထုတ်ပြန်ချက်အရ ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံတို့အတွက် ပုံမှန်အကောက်ခွန်နှုန်း (MFN Rate) ဖြင့် စည်းကြပ်ကောက်ခံမှု ကို ရုပ်သိမ်း၍ အဆိုပါနှစ်နိုင်ငံမှ သွင်းကုန်အားလုံးအတွက် ထပ်တိုးအကောက်ခွန်နှုန်း ၃၅% ကောက်ခံမည်ဖြစ်ကြောင်းကို ၁-၄-၂၀၂၂ ရက်နေ့တွင် တရားဝင်အသိပေးကြေညာချက် ထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။ ၎င်းသည် ၂၅-၄-၂၀၂၂ ရက်နေ့မှ စတင်၍ အသက်ဝင်မည်ဖြစ်ပြီး၊ လက်ရှိကျင့်သုံးနေသော ယေဘုယျအကောက်ခွန်နှုန်းထားများအပြင် ထပ်တိုးအကျုံးဝင်မည်ဖြစ် သည်။

သတင်းထုတ်ပြန်ချက်တွင် ယခုလုပ်ဆောင်ချက်သည် WTO အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မရှိမဖြစ် လုံခြုံရေးအကျိုးစီးပွားများကို ကာကွယ်ရန်အလို့ငှာ ရုရှား၏လုပ်ရပ်များကို ပြင်းပြင်းထန်ထန်ရှုတ်ချပြီး၊ လိုအပ်သည်ဟုယူဆသည့် လုပ်ဆောင်ချက်အားလုံးကို လုပ်ဆောင်ရန် ကတိကဝတ်ပြုလျက် အခြားခံယူချက်သဘောထားတူညီသည့် အဖွဲ့ဝင်နိုင်ငံများနှင့်အတူ သြစတြေးလျ၏ ပူးတွဲ ထုတ်ပြန်ချက်အပြီး ပေါ်ထွက်လာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဩစတြေးလျအစိုးရသည် ယူကရိန်းနိုင်ငံအတွက် စစ်ရေးအကူအညီ ဩစတြေးလျဒေါ်လာ ၉၁ သန်း၊ လူသားချင်းစာနာထောက် ထားမှုအကူအညီ ဩစတြေးလျဒေါ်လာ ၆၅ သန်းနှင့် စွမ်းအင်လုံခြုံမှုအတွက် အပူကျောက်မီးသွေးတန်ချိန် ၇၀,၀၀၀ တို့ကို ကူညီခဲ့ ပြီး၊ သြစတြေးလျရှိ ယူကရိန်းအသိုက်အဝန်းအဖွဲ့များအား ယာယီကာကွယ်ရေးဗီဇာများနှင့် အကူအညီများကို ပေးအပ်ထားကြောင်း ဖော်ပြထားသည်။

ဩစတြေးလျအစိုးရသည် လူတစ်ဦးချင်းနှင့် အဖွဲ့အစည်းများအပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ၊ ရုရှားနိုင်ငံထုတ် စွမ်းအင်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်ကုန်များကို တားမြစ်ခြင်းနှင့် ရုရှားနိုင်ငံသို့ အလူမီနာနှင့် အလူမီနီယံသတ္တုရိုင်းများ (bauxite အပါ အဝင်) တင်ပို့မှုတားမြစ်ခြင်းများမှတစ်ဆင့် ရုရှားနိုင်ငံအပေါ် အမြင့်ဆုံးကုန်ကျစရိတ်များကို ချမှတ်ရန် မိတ်ဖက်များနှင့် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ရေနံနှင့် အခြားသော စွမ်းအင်ထွက်ကုန်များ တင်သွင်းမှုတားမြစ်ချက်ကို ဧပြီလ ၂၅ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်းနှင့် အမျိုး သားရေးလုပ်ငန်းစဉ်များနှင့်အညီ ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံတို့နှင့် MFN ကုန်သွယ်မှုအစီအစဉ်များကို ရုပ်သိမ်းရန် နိုင်ငံတကာ မိတ်ဖက်နိုင်ငံများ၏ အလားတူလုပ်ဆောင်မှုကို ဩစတြေးလျက အခိုင်အမာထောက်ခံကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ပါရှိသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: www.trademinister.gov.au

Category: International News